အပိုစရိတ် အနည်းငယ်ဖြင့် သို့မဟုတ် စရိတ်မလိုဘဲ သင်အလိုရှိသည့် အကျိုးခံစားခွင့်များ
ကျန်းမာရေးအာမခံအားလုံးကိုတော့ တူညီစွာ ဖန်တီးမထားပါ။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အနေဖြင့် စရိတ်နည်း သို့မဟုတ် စရိတ်မလိုသော Medicaid အစီအစဉ်များအပြင် ကျွန်ုပ်တို့၏ Dual Special Needs plan များဖြင့် ပိုများသော အကျိုးခံစားခွင့်ကိုပင် ဂုဏ်ယူစွာဖြင့် ကမ်းလှမ်းပေးနေရခြင်းဖြစ်ပါသည်။1
ကျွန်ုပ်တို့ အစီအစဉ်များအကြောင်းကို လေ့လာပါ
Medicaid သီးသန့်
Medicaid သည် အချို့သော ဝင်ငွေနည်းသူများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် ကျန်းမာရေးအာမခံကို ပံ့ပိုးပေးပါသည်။ ပြည်နယ်အချို့တွင် Medicaid သည် သတ်မှတ်ဝင်ငွေပမာဏအောက်ရှိသည့် ဝင်ငွေနည်းသော အရွယ်ရောက်ပြီးသူအားလုံးအတွက် လွှမ်းခြုံကျခံပေးပါသည်။
D-SNP
သင်က Medicare နှင့် Medicaid နှစ်မျိုးစလုံးအတွက် သတ်မှတ်ချက်မီပါက၊ Dual Special Needs plan (D-SNP) က သင့်အတွက် သင့်တော်ကောင်း သင့်တော်နိုင်ပါသည်။ ဤအစီအစဉ်များကို ပြည်နယ်အချို့တွင် ရရှိနိုင်ပါသည်။ D-SNP ဖြင့်ဆိုပါက၊ သင့်အနေဖြင့် အပိုဆောင်း စရိတ်စက မလိုဘဲ Original Medicare ဖြင့် ရနိုင်သည့် အကျိုးခံစားခွင့်များနှင့် အစီအစဉ်များထက် ပို၍များပြားစွာ ရရှိနိုင်ပါသည်။
ACA Marketplace အစီအစဉ်များ
သင်နှင့် သင့်မိသားစုအတွက် သင့်ကိုယ်ပိုင် ကျန်းမာရေးအာမခံကို သင်ဝယ်ယူပါက၊ ကျန်းမာရေးစောင့်ရှောက်မှု Marketplace သည် သင့်အတွက် ဖြစ်ပါသည်။ Marketplace သည် ACA ကျန်းမာရေးအစီအစဉ်များကို ရောင်းချသည့်နေရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြည်နယ် 23 ခုတွင် Individual & Family အစီအစဉ်များကို ကမ်းလှမ်းပေးပါသည်။
CHIP
ကလေးတိုင်းက ကျန်းမာပျော်ရွှင်စွာ ဖွံ့ဖြိုးကြီးထွားခွင့် ရှိထိုက်ပါသည်။ ထိုသို့ဖြစ်မြောက်စေရန် ကလေးများအနေဖြင့် ပုံမှန် ဆေးစစ်မှုများနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု လိုအပ်ပါသည်။ သင်၏ နို့စို့ရင်သွေး သို့မဟုတ် ကလေး သို့မဟုတ် ဆယ်ကျော်သက်တွင် ကျန်းမာရေးအာမခံ မရှိပါက၊ Children's Health Insurance Program (CHIP) သည် စရိတ်နည်း သို့မဟုတ် စရိတ်မရှိသော အကျုံးဝင်မှုကို ကမ်းလှမ်းပေးပါသည်။
ဘယ်လို အစီအစဉ်အမျိုးအစားကို ကျွန်ုပ် သတ်မှတ်ချက်မီပါသလဲ။
မည်ကဲ့သို့ အစီအစဉ်အမျိုးအစားက သင့်အတွက် အံဝင်သည်ကို ကျွန်ုပ်တို့ သိနိုင်ရန် မေးခွန်းတိုအချို့ကို ဖြေဆိုပါ။
သင်၏ တည်နေရာကို ပြောင်းပါ
Medicaid ဆိုတာ ဘာလဲ။
Medicaid သည် ကျန်းမာရေးစောင့်ရှောက်မှုကို စရိတ်နည်းနည်းဖြင့် သို့မဟုတ် တစ်ခါတစ်ရံ စရိတ်မပေးရဘဲ ရရှိနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ Medicaid သည် ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအပြင် သတ်မှတ်ချက်မီသော ဝင်ငွေနည်းသူများအတွက် သာမန်အားဖြင့် ကျခံပေးပါသည်။ Medicaid ကို ပြည်နယ်တစ်ခုစီက စီမံခန့်ခွဲသည်ဖြစ်၍ သတ်မှတ်ချက်မီရေး လိုအပ်ချက်များသည် ပြည်နယ်တစ်ခုနှင့်တစ်ခု မတူညီနိုင်ပါ။
Medicaid အကျိုးခံစားခွင့်များ
ပြည်နယ်များအနေဖြင့် Medicaid အတွက် သတ်မှတ်ချက်မီသည့် လူများထံသို့ သတ်မှတ်ထားသော ဆေးဘက်ဆိုင်ရာ အကျိုးခံစားခွင့်များကို ပေးအပ်ရမည်ဟု ဗဟိုအစိုးရ သတ်မှတ်ပြဋ္ဌာန်းပါသည်။
ပြည်နယ်များသည် အောက်ပါတို့ကဲ့သို့ ထပ်ဆောင်း၊ ရွေးချယ်နိုင်သော အကျိုးခံစားခွင့်များကို ပေးအပ်ရန် ရွေးချယ်နိုင်ပါသည်-
- ဆေးရုံတွင် ပြသမှုများနှင့် ဆေးရုံတက်ခြင်းများ
- ဆရာဝန်ဆေးခန်းတွင် ပြသမှုများ
- မီးမဖွားခင် စောင့်ရှောက်မှုနှင့် မီးဖွားခြင်း
- ဘိုးဘွားရိပ်သာ ဝန်ဆောင်မှုများ
- အိမ်တွင်းကျန်းမာရေး ဝန်ဆောင်မှုများ
- ငယ်ရွယ်စဉ်ကလေးဘဝ ရောဂါစစ်ဆေးမှုများ
- အရေးပေါ်ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး
ဘယ်လို အစီအစဉ်အမျိုးအစားကို ကျွန်ုပ် သတ်မှတ်ချက်မီပါသလဲ။
မည်ကဲ့သို့ အစီအစဉ်အမျိုးအစားက သင့်အတွက် အံဝင်သည်ကို ကျွန်ုပ်တို့ သိနိုင်ရန် မေးခွန်းတိုအချို့ကို ဖြေဆိုပါ။